Home » » Midnight University (2017)

Midnight University (2017)

Midnight University (2017) သန်းခေါင်ယံတက္ကသိုလ်


Review

Midnight university ဆိုတာ Thaiနိုင်ငံမှာ တကယ်ရှိပြီး အချိန်ပိုလေ့လာသင်ယူချင်တဲ့ ကျောင်းသူကျောင်းသားတွေတက်ရောက် နိုင်တဲ့ သန်းခေါင်ယံတက္ကသိုလ်တခုပါ။ ကျွန်တော်တို့ငယ်ငယ်က Universityတွေနဲ့ပတ်သက်ပြီး သရဲဇာတ်လမ်းတခုခုတော့ ကြားဘူးခဲ့ကြမှာပါ။ အဲလို့ကျောင်းတွေထဲကမှ ဒီတခါကြည့်ရူ့ရမယ် ကျောင်းကတော့ သန်းခေါင်ယံမှာ အတန်းစတက်ရမယ် Midnight Universityပါပဲ။
Star ဆိုတဲ့ဆယ်ကျော်သက်အရွယ် ကောင်းမလေးတယောက်ဟာ သူတို့တကျောင်းလုံးရဲ့ popular girlပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ သူမနာမည်က ကောင်လေးတိုင်းရဲ့ပါးစပ်အဖျားမှာ ရှိပြီး  တကျောင်းလုံးမှာ အလှဆုံးကောင်မလေးဖြစ်လို့ပါ။
တရက် ကျောင်းမှာအောင်စာရင်းထွက်တဲ့နေ့ သူမ englishစာနဲ့ စာမေးပွဲကျပါတယ်။သူမအတွက် ဒီတစ်နစ်သာအောင်လိုက်ရင် ဘွဲ့ရပါပြီ။ဒါကြောင့်လည်း စာမေးပွဲအရမ်းအောင်ချင်တဲ့ star တယောက် ဆရာဖြစ်သူဆီ အကြံတောင်းရာ midnight universityမှာ အချိန်ပိုသင့်ဖို့ အကြောင်းစတင်ဖြစ်လာပါတော့တယ်။
အဲကျောင်းမှာ စာမေးပွဲနားနီးမှာ မီးလောင်ပြီးသေဆုံးသွားတဲ့ ကျောင်းသူ/သား ဝိညည်တွေ ညတိုင်းစာသင်နေ့ကြတယ်ဆိုတဲ့ သတင်းကိုလည်းသူမကြားဘူးပြီးသား။ဒါပေမယ် starဟာ ကိုယ်ကိုယုံကြည်မူအပြည့်ရှိတယ် ပြီးတော့ သူမစာမေးပွဲအရမ်းအောင်ချင်တယ်။ဒါကြောင့်လည်း တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲကျောင်းရဲ့ထူးခြားချက်က 12နာရီ သန်းခေါင်ချိန်ထိ ဘယ်သူမှမနေရဲ့ပါဘူး။အဲချိန်ရောက်လာပြီဆို ကျောင်းကြီးတခုလုံးမှာ မကောင်းဆိုးဝါးတွေ နိုးထလာပါပြီ။ အဲတော့ တခြားသူတွေနဲ့ စရိုက်ခြင်းမတူတဲ့ star တယောက် ခြောက်ခြားစရာ ညကြီးတညမှာ ဝိညည်တွေပြည့်နက်နေတဲ့ ကျောင်းကြီးနဲ့ အရင်ကမီးလောင်ပြီးလူအများကြီးသေဆုံးသွားတဲ့ စာသင်ခန်းထဲမှာ စာဘယ်လို့ဆက်သင့်မလဲဆိုတာတော့ မိတ်ဆွေတို့ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရူခံစားပါဦး။
ဒီကားကို 9လပိုင်း2016မှာ ထိုင်းမှာရုံတင်ခဲ့ပါတယ်။rateအနေ နဲလည်6း.7ထိရထားတာမို့ သရဲကားတခုအနေ နဲ့အတော်လည်း ကြည့်လိုကောင်းမယ့်ကားတခုလို့ဆိုနိုင်နေပါပြီ။
(ဒီကားကို ကိုဟိန်းမင်းထက်မှ အညွှန်းရေးထားပြီး မစိမ့်သက်ထားအောင်မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2017 Senri Muilang
Distributed By Duhdawtnak Mitthli