Home » » Granny of the Dead (2017)ြ

Granny of the Dead (2017)ြ

Granny of the Dead (2017) မြန်မာစာတန်းထိုး



ငယ်ငယ်တုန်းက MOM ဆိုတဲ့ ဇာတ်ကားမှာ အဘွားအိုတစ်ယောက်ကို သမန်းဝံပုလွေတစ်ကောင်ကိုက်သွားလို့ အဘွားကြီးက သတ္တ၀ါကြီးအသွင်ပြောင်းသွားတဲ့အကြောင်း ကြည့်ဖူးတယ်။ တကယ်လို့ အဘွားသာ ဇွန်ဘီတစ်ကောင်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ တစ်မနက်မှာ အက်ဒ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အဘွားက ဇွန်ဘီဖြစ်နေတာကို မထင်မှတ်ဘဲ သိလိုက်ရတယ်။ အဲဒီတော့ အိမ်ထဲမှာ ပိတ်မိနေတဲ့ အက်ဒ်တစ်ယောက် သူ့နည်း သူ့ဟန်နဲ့ အဘွားလက်က လွတ်အောင် ကြံစည်ရပါတော့တယ်။ ဒါပေမယ့် အပြင်မှာရော ဇွန်ဘီတွေ ရှိနေနေရင် အိမ်ထဲမှာထက် ပိုအခြေအနေ ဆိုးသွားမလား။ ဒါဆို သူ့လို အသက်ရှင်နေသူတွေကရော ဘယ်တွေ ရောက်နေကြသလဲ။ ဇာတ်ကားကို စကြည့်လိုက်တာနဲ့ မေးခွန်းတွေနဲ့အတူ ပရိသတ်က အက်ဒ်နေရာကို ရောက်သွားကာ အဖြေရှာရပါလိမ့်မယ်။ ဇွန်ဘီကားတွေရဲ့ ထုံးစံအတိုင်း အသည်းယားစရာ ကောင်းအောင် ရိုက်ပြထားပေမယ့် ဟာသတွေကိုလည်း မပျင်းရအောင် ရောယှက်ထားပေးပါသေးတယ်။ အားလပ်ရက်မှာ အိမ်ထဲမှာ ပျင်းနေမယ်ဆိုရင်တော့ ဒီဇာတ်ကားလေးက မပျင်းအောင် ဖျော်ဖြေပေးပါလိမ့်မယ်။ ဇာတ်ကားပြီးသွားရင်တော့ အိမ်က အဘွားကို သေချာစစ်ဆေးကြည့်မိလို့ အရိုက်ခံရဦးမယ်နော်။


Share this article :

0 comments:

Post a Comment

 
Copyright © 2017 Senri Muilang
Distributed By Duhdawtnak Mitthli