The Ghost (2004)
Posted by Senri Muilang
Posted on July 27, 2017
with No comments
The Ghost (2004)
ကိုရီးယားနိုင်ငံမြို့တစ်မြို့ရဲ့ မိသားစုတစ်စုမှာ
ကင်အွန်ဆိုးနဲ့ကင်အွန်ဂျောင်ဆိုတဲ့ ညီမအစ်မနှစ်ယောက်ရှိတယ် တနေ့တော့ဆူပူနေတတ်တဲ့အမကိုစိတ်ခုပီးညီမဖြစ်တဲ့ကင်အွန်ဂျောင်က အပျော်သဘောနဲ့သူ့အမကိုမိသားစုကနေ ပထုတ်မယ်ဆိုပီးတစ္ဆေတစ်ကောင် ခေါ်ခဲ့မိတယ် အပျော်သဘောဆိုပေမယ့် တစ္ဆတစ်ကောင်ကရောက်လာခဲ့ပီးသူ့အမကိုသတ်ပစ်ခဲ့တယ်
ဘာကြောင့်သေလဲဆိုတာတော့သူတို့သတိမထားမိခဲ့ဖူး
ဇာတ်လမ်းကဒီလိုလေးနဲ့စခဲ့တယ်

မင်ဂျီဝမ် ဆိုတဲ့ မိန်းကလေးကချမ်းသာပေမယ့် အဖေ မရှိတော့တဲ့ဘဝနဲ့ သူ့အမေနဲ့ နေရတယ်သနားဖို့ကောင်းတာက သူကမှတ်ဉာဏ်လဲ ပျောက်နေပီးတော့ အထက်တန်းကျောင်းသူ ဘဝက သူငယ်ချင်းတွေအပါအဝင် ဘာကိုမှ မမှတ်မိပဲ သူ့ရဲ့နေပုံထိုင်ပုံကအစ ပြောင်းလဲသွားတယ် တနေ့တော့ သူ့သူငယ်ချင်းအိုယူဂျင်ရောက်လာပီး သူတို့သူငယ်ချင်းကင်အွန်ဆိုးဆုံးသွားကြောင်း လာပြောပြတယ်
ဒီလိုနဲ့ ပဲ သူငယ်ချင်းတွေ တစ်ယောက်ပီး တစ်ယောက် ထူးထူးဆန်းဆန်းဆုံးသွားကြတယ် နောက် ဆုံး မင်ဂျီဝမ်တစ်ယောက်ပဲ ကျန်ရင်ကော တစ္ဆေသရဲက သတ်နိုင်ဦးမာလား
သူတို့အထက်တန်းကျောင်းသူဘဝမာကော ဘယ်လိုအဖြစ်အပျက်တွေ ရင်ဆိုင်ခဲ့ရတာလဲ ဘယ်လို ဇာတ်ကောင်တွေပါဝင်လာဦးမယ် ဆိုတာကတော့ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ

Labels:
Horror

0 comments:
Post a Comment