Kong: Skull Island 2017
Review
 ဒီကားက Monster ဇာတ်ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမယ့် ကားဖြစ်ပါတယ်။ King Kong or Kong လို့ လူသိများတဲ့ ဇာတ်ကောင်က ၁၉၃၃ ခုနှစ်ထဲ့ ရုပ်ရှင်ပိတ်ကားထက်မှာ နေရာယူခဲ့တာဖြစ်ပြီး ပရိတ်သတ်တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဒီကားက ၁၉၃၃ တုန်းက ဇာတ်ကားရယ်၊ ၂၀၀၅ မှာ ပြန်ရိုက်ထားတဲ့ ဇာတ်ကားရယ်နဲ့ပါ လုံးဝမတူပါဘူး။ အရင်တုန်းက ဇာတ်ကားတွေတုန်းက Kong က ကောင်မလေး ကို သံယောစဉ်ဖြစ်သွားတာရယ်၊ မြို့ထဲကို သယ်လာခံရပြီး Empire State Building ကို တွယ်တက်တာရယ်နဲ့ ပဲ ပြီးသွားပါတယ်။ ဇာတ်လမ်းက Vietnam စစ်ပွဲအပြီးကာလ ကို နောက်ခံထားရိုက်ကူးထားတာကြောင့် ၁၉၇၀ ကာလဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက 2014 Godzilla နဲ့ same universe ဖြစ်ပြီး၊ Marvel Cinematic Universe အောင်မြင်ပြီးတဲ့ နောက်မှာ၊ Share universe တွေကို ရှိပြီးသား ရုပ်ရှင် ဇာတ်ကောင်တွေနဲ့ ရိုက်ကူးဖို့ ကြိုးစားလာကြပါတယ်။ ဒီနှစ်မှာထွက်မယ့် Tom Cruise ရဲ့ The Mummy ဇာတ်ကားကလည်း၊ Mummy, Dracula, Werewolf စတဲ့ ဇာတ်ကောင်တွေနဲ့ Share universe လုပ်မှာဖြစ်ပါတယ်။ ဒီကားမှာKong ကို သေသေချာချာ ပီပီပြင်ပြင် ရိုက်ကူးထားပြီး၊ ဇာတ်ကောင် detail တွေက ကအစသေချာ Animation နဲ့ ပြုလုပ်ထားပါတယ်။ ဒီကားက Monster ဇာတ်ကားပီပီ Monster Fight တွေ အများအပြားပါသလို၊ Godzilla ဇာတ်ကားတုန်းကလို Monster fight က ဇာတ်ကားတစ်ဝက်လောက်မှ ကြည့်ရတာမျိုးမဟုတ်ပဲ၊ ဇာတ်လမ်းစ ပြီး သိပ်မကြာခင်ပဲ Kong ကိုပီပိပြင်ပြင် ပြထားပါတယ်။ ဒီကားမှာ နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Tom Hiddleston (Loki) , Brie Larson (Captain Marvel), Samuel L. Jackson (Nick Fury) တို့ အပြင် John C Reilly (Weck-it Relph, Step-Brother), John Goodman (Monster Inc., The Big Lebowski) တို့ ပါပေမယ့် ဇာတ်ညွှန်း နဲ့ Dialogue တွေက သာမန်လောက်ပဲဖြစ်ပြီး၊ တစ်ချို့ဇာတ်ဝင်ခန်းတွေမှာ စကားပြောခန်းတွေက တော်တော်ညံ့ပါတယ်။ အတွေ့အကြုံရင့် သရုပ်ဆောင်တွေကြောင့် သာ ဇာတ်ကားက လုံးဝညံဖျင်းမသွားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကား Monster ဇာတ်ကားဖြစ်တာနဲ့ အညီ Kong ကိုပဲ အသားပေးရို က်ထားပြီး Fight Scene တွေက အရမ်းကောင်းပါတယ်။ ၂၀၀၅ တုန်းက Dinosaur သုံးကောင်နဲ့ ချတာထက် အများကြီး ပိုကောင်းပါတယ်။ ဒီကားမှာ Kong ကို သိသိသာသာ အကောင်ပိုကြီးအောင် လုပ်ပေးထားပြီး၊ ဇာတ်လမ်းထဲမှာလည်း သူက အခုမှ ငယ်တုန်းပဲရှိသေးပြီး ဒီထက် ပိုထွားလာဦးမယ်လို့ လည်း ဆိုထားတာကြောင့် ၂၀၂၀ မှာ Godzilla vs King Kong ရိုက်ကူးချိန်မှာ၊ King Kong က Godzilla နဲ့ အရွယ်တူ ဖြစ်နေမှာဖြစ်ပါတယ်။ ဒီနေရာမှာ Godzilla vs Kong ကို Avengers, Justice League ပုံစံ ရိုက်ကူး မယ်လို့ ထင်ရပြီး Batman V Superman ထဲကလိုပဲ သူတို့ နှစ်ကောင် ခဏတဖြုတ် ရင်ဆိုင်တွေ့ပြီး အခြား Monster တွေကို ၂ကောင်ပေါင်းချခိုင်းမယ် ထင်ပါတယ်။ ဒီကား အဆုံးမှာ အဲ့လို Share Universe အတွက် ဇာတ်လမ်းဆင်တဲ့အနေနဲ့ Marvel ဇာတ်ကားတွေလိုပဲ After Credit Scene ပါလို့ စာတန်းထိုးပြီးတဲ့အထိစောင့်ကြည့်ပါသလို့ သတိပေးလိုက်ပါတယ်။ Monster ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ သာမန်ပဲဖြစ်ပေမယ့် ချခန်းတွေကတော့ အရမ်းကြည့်လို့ကောင်းပါတယ်။ ရုံမှာသွားကြည့်လို့တန်ပါတယ်။ မိသားစုတူတူကြည့်နိုင်ပါတယ်။
Review
ဒီတစ်ခါတော့တရုတ်သိုင်းကားကြိုက်တဲ့ပရိသတ်ကြီးအကြိုက်တွေ့မယ့်ဇာတ်လမ်းဖြစ်ပါတယ်။ မသမာသူတွေရဲ့
လက်ထဲကို ထီးနန်းကျရောက်မယ့်အရေးမှာ Wind နဲ့ Cloud ဆိုတဲ့ လူငယ်သိုင်းသမားနှစ်ဦးကဘယ်လိုပုံစံကယ်တင်
မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ရန်သူကိုတိုက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့
မကောင်းဆိုးဝါးဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှာရှင်သန်စေရမှာဖြစ်ပါတယ်။ မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားပြီး
အင်အားကြီးမားလာပြီးရန်သူကိုချေမှုန်းနိုင်ပေမယ့် ပုံမှန်စိတ်အခြေအနေ ပြန်ရရှိဖို့တော့ မသေချာတော့တဲ့ အခြေ
အနေမှာWind က ဒီနည်းလမ်းကိုရွေးပြီးတော့ ရန်သူကိုပဲသတ်နိုင်မလား မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားမလား
ဆိုတာကိုတော့ ကြည့်ရှုခံစားလိုက်ကြပါအုံး။
In Time
Review
အဆိုတော်ကြီး Justin Timberlake ရဲ့ သီဆိုထားတဲ့ Troll (2016) ဇာတ်ဝင်သီချင်း True Color ကို နားထောင်ပြီး နောက် သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို သတိရမိပြီး In Time 2011 ကို တစ်ကြော့ပြန်ကြည့်ခဲ့မိပါတယ်။ 2011 ခုနှစ်ဇာတ်ကားဖြစ်ပေမယ့် အဲ့ဒီအချိန်တုန်းက အောင်မြင်ခဲ့သလိုပဲ.. အခုပြန်ကြည့်မိတော့လည်း ရိုးမသွားပါဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ ဆင်းရဲ ချမ်းသာ ကွာဟမှုအဆမတန်ကြီးမြင့်နေခြင်းကို တစိတ်တစ်ဒေသ မီးမောင်းထိုးပြနေသလိုဖြစ်တာကြောင့် မကြည့်ရသေးတဲ့ သူတွေ ကြည့်နိုင်အောင်လို့ ပြန်ညွှန်းပါရစေခင်ဗျာ.. ဇာတ်အိမ်ကို 2169 ခုနှစ်မှာ အခြေတည်ထားပြီး သိပ္ပံပညာအလွန်ထွန်းကားနေပြီဖြစ်တာကြောင့် လူတွေဟာ မျိုးရိုးဗီဇကို ပြောင်းလဲပြီး လူတွေရဲ့ ရုပ်ရည်ကို အသက်(၂၅)နှစ်အရွယ်ရဲ့ ရုပ်ရည်မှာတင် ရပ်တန့်ထားပြီး အိုမင်းခြင်းကို တားဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မသေတော့ဘူးလားဆိုတော့ သေတတ်ပါတယ်။ ဒါဆို လူ့သက်တမ်းဘယ်လောက်မှာ သေမလဲဆိုတော့ အချိန်ကို အကန့်အသတ်မရှိ ဆွဲဆန့်နိုင်တဲ့အခွင့်အရေးကို လူတိုင်းပိုင်ဆိုင်ထားပါတယ်။ အဓိက ကတော့ အချိန်ကို ဘယ်လိုဆွဲဆန့်ထားမယ်ဆိုတာပါပဲ.. 2169 ခုနှစ် လူသားတိုင်းရဲ့ လက်ဖျံမှာ Digital Clock တစ်လုံးဆီရှိကြပါတယ်။ အဲဒီ Digital Clock မှာ နာရီ၊ မိနစ်၊ စက္ကန့်တွေသာမက ရက်၊ လ၊ နှစ် တွေအပြင် ဆယ်စုနှစ်၊ ရာစုနှစ် တွေပါ ညွှန်ပြထားပါတယ်။ လူတိုင်းက အသက်(၂၅)နှစ်က စလို့ အချိန်(၁) နှစ်ကို အရင်းအနှီးအနေနဲ့ လက်ခံရရှိမှာဖြစ်ပြီး အချိန်ကို တိုးပွားအောင်လုပ်မလား .. ဒါမှမဟုတ် အချိန် လျော့ကျလာပြီးနောက်ဆုံးမှာ သုညမှတ်ရောက်ကာ အသက်သေသွားမလားဆိုတာ.. ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ နောက်ပြီး ငွေကြေးဆိုတာလည်းမရှိတော့ပဲ.. အချိန်ကိုသာ ငွေကြေးအဖြစ်အသုံးပြုကြပါတယ်။ တစ်ဦးနဲ့တစ်ဦး အချိန်တွေကို လွှဲပြောင်းပေးလို့ရပြီး လုပ်အားခပေးချေခြင်း၊ မီတာခ၊ ယဉ်စီးခ ၊ အစားအသောက် ၊ အနေအထိုင် အစ လောင်းကစား နဲ့ ဇိမ်ခံပစ္စည်းအဆုံး အချိန်နဲ့ သာ အသုံးပြုပေးချေကြပါတယ်။ အချိန်မကုန်ရင် အသက်မသေတော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ယနေ့ခေတ်လူသားတွေလိုပဲ ထိခိုက်နာကျင် ဒဏ်ရာရနိုင်ပြီး သေတတ်ပါတယ်။ ဒါကြောင့် သက်တမ်းအများကြီးရရှိနိုင်သော်ငြားလည်း မအိုနိုင်ပေးမဲ့ နာတတ် သေတတ်ပါတယ်။ ယနေ့ နယ်မြေဒေသပိုင်းခြားပုံနဲ့ မတူညီတာကတော့ .. 2169 ခုနှစ်မှာ.. နယ်မြေဒေသကို Time Zone လို့ ခေါ်ဝေါ်ပြီး (၂) ခုသာ ပိုင်းခြားထားပါတယ်။ Dayton လို့ခေါ်တဲ့ လူဆင်းရဲတွေ နေထိုင်တဲ့ Time Zone နဲ့ New Greenwich လို့ ခေါ်တဲ့ လူချမ်းသာတွေနေထိုင်တဲ့ Time Zone ဆိုပြီး (၂) ခုသာရှိပါတယ်။ Dayton လို့ခေါ်တဲ့ ဆင်းရဲ့တဲ့အလုပ်သမားထုကြီးနေထိုင်တဲ့အရပ်မှာ.. လူတော်တော်များများမှာ (၂၄)နာရီအောက်အချိန်သက်တမ်းသာကျန်ရှိပြီး.. နေရာတိုင်းမှာ အချိန်ကုန်သွားလို့ လဲကျသေဆုံးသွားတဲ့ သူတွေကို နေ့စဉ်မြင်တွေ့ရမှာပါ… အဲဒီအရပ်က .. တကယ်တော့ လူ့ငရဲပါပဲ.. အစဉ်အမြဲကြီးမြင့်နေတဲ့ နေထိုင်မှုစရိတ်တွေကို အလျဉ်မှီအောင် ရှာဖွေရုန်းကန်ရင်းနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေ.. အဆမတန်ညဉ်းဆဲခိုင်းစေမှုတွေကြားမှာ… လူတွေဟာ ပျော်ရွှင်မှုဆိုတာတောင် ဘာမှန်းမသိကြတော့ပါဘူး. နေ့တဒူဝ ပြေးလွှားရုန်းကန်ရင်းနဲ့ နိမ့်ကျသည်ထက်နိမ့်ကျပြီး ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်လာကြပါတယ်။ New Greenwich ဆိုတာကတော့ လူချမ်းသာတွေနေထိုင်တဲ့ အရပ်ဆိုတဲ့အတိုင်း လူတိုင်းမှာ အချိန်ကို ရာစုနှစ်များစွာ ပိုင်ဆိုင်ထားပြီး နာကျင်ထိခိုက်မှုကို အလွန်အမင်းကြောက်ရွံ့တဲ့ သူတွေပါပဲ.. လူကုန်ထံတွေဖြစ်သည့်အလျောက် .. မသေခင်ကတည်းက .. နတ်စည်းစိမ်ခံစား စံစားနေကြရတဲ့ သူတွေပေါ့. ဇာတ်လမ်းအားလုံးရဲ့ အစက Dayton မှာစတင်ခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွယ် စက်ရုံလုပ်သား Will Salas (Justin Timberlake) က မိခင်ဖြစ်သူကို စိတ်ချမ်းသာဖို့ အလုပ်ကြိုးစားတဲ့ သားအလိမ္မာလေးတစ်ယောက်ပါ။ နေ့စဉ်ပုံမှန်အလုပ်သွားပြီး အလုပ်ကအပြန် အရက်စွဲနေတဲ့ သူငယ်ချင်း ကို Bar မှာ သွားခေါ်ရင်းက မထင်မှတ်ပဲ အရက်မှုးနေတဲ့ 105နှစ်အရွယ် Henry Hamilton ကို Minutemen (အချိန်ဓားပြ)တွေ ရဲ့ လုယက်မှုကနေ ကယ်တင်လိုက်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့ Henry ရဲ့ ငြီးငွေ့စရာကောင်းတဲ့ သူ့ ဘဝအကြောင်းကို နားထောင်ရင်း New Greenwich က လူချမ်းသာတွေရဲ့ လက်ဝါးကြီးအုပ်အမြတ်ထုတ်မှုတွေကို စဉ်းစားမိလာပါတယ်။ မနက်ခင်းမှာတော့ Henry က သူ့ရဲ့ အချိန်သက်တမ်းအားလုံးကို Will ကို ပေးခဲ့ပြီး “Don’t waste my time” ဆိုတဲ့ Message လေးထားခဲ့ပြီး သူ့ဘဝကို နိဂုံးချုပ်ခဲ့ပါတယ်။ Will ရဲ့ အိမ်အပြန်လမ်းက… လေးလံတဲ့ ခြေလှန်းတွေနဲ့ မယုံနိုင်စရာ အဖြစ်အပျက်တွေနဲ့ပါ… ရုတ်တရက် ယာဉ်စီးခ ကြီးမြင့်သွားမှုကြောင့် Will ရဲ့ မိခင်ဖြစ်သူက အချိန်မီ အိမ်ပြန်မရောက်ခဲ့ပဲ.. ဆင်းရဲခြင်းရောဂါကြောင့် လမ်းမှာပဲသေဆုံးသွားခဲ့ပါတယ်.. မိခင်ဖြစ်သူကို မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရတယ့် Will တစ်ယောက် နာကြဉ်းချက်တွေနဲ့ မိခင်ဖြစ်သူအရမ်းကို သွားချင်ခဲ့တဲ့ New Greenwich ကို ခြေဆန့်ခဲ့ပါတော့တယ်… အဲဒီမှာပဲ New Greenwich ရဲ့ လူကုံထံ ထိပ်ထိပ်ကြဲအသိုင်းအဝိုင်းက သမီးချောလေး Sylvia Weis (Amanda Seyfried) နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမယ့် Henry ရဲ့ သေဆုံးမှုကို CCTV မှတ်တမ်းကတဆင့် မြင်တွေ့လိုက်ရတဲ့ အချိန်ရဲအရာရှိ က Will ရဲ့ လက်ချက်လို့ ထင်မြင်ပြီး Will ရဲ့ နောက်ကို လိုက်လံဖမ်းဆီးခဲ့သလို အချိန်ဓားပြ ကလည်း Will ရလိုက်တဲ့ Century တစ်ခုစာကို ရယူဖို့အတွက် Will နောက်ကို လိုက်ခဲ့ပါတော့တယ်။ အခက်အခဲတွေကြားက Will နဲ့ သူဌေးသမီးလေး Sylvia တို့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်လာမလဲ… Will ကရော အရာရှိနဲ့ ဓားပြတို့လက်ထဲက ဘယ်လို လွတ်မြောက်နိုင်မလဲ… သူရရှိခဲ့တဲ့ Henry ရဲ့ အမွေ ကိုရော အကျိုးရှိရှိအသုံးချနိုင်ပါ့မလား.. ဆင်းရဲ.. ချမ်းသာ ကွာဟမှုကရော ပိုမိုဆိုးရွားလာမလား.. ဆိုတာကိုတော့ စိတ်ဝင်စားရင် ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုပါလို့ပဲ ပြောကြားပါရစေ။ ဇာတ်လမ်းက သိပ္ပံခေတ်လွန်ဇာတ်လမ်းဖြစ်တာကြောင့် တစ်ချို့ Action တွေကလည်း Reality နဲ့ ကင်းကွာတာတွေ့ရှိရပါတယ်။ ဒါပေမယ့် လူငယ်နှစ်ယောက်ရဲ့ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်တွေရယ် Romance ဆန်တဲ့ သရုပ်ဆောင်ချက်တွေ နဲ့ ဇာတ်လမ်းကို အဆုံးထိဆက်ကြည့်ချင်အောင်ဆွဲဆောင်နိုင်ပါတယ်။ အဓိကကတော့ အခုလက်ရှိဖြစ်ပျက်နေတဲ့ လူကုန်ထံတွေရဲ့ အတ္တလောဘတွေကို လှောင်ပြောင်သရော်ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းက ဆန်းပေမယ့် ကျောရိုးကတော့ လက်တွေ့ဆန်လွန်းပါတယ်။ ကြည့်ကို ကြည့်သင့်တဲ့ဇာတ်ကားလို့ မညွှန်းနိုင်ပေမယ့် ကြည့်လို့လဲ အချိန်ဖြုန်းတီးရာရောက်မယ့်ကားတစ်ကားတော့မဟုတ်ပါဘူး.. အဲဒီကားမှာ အကြိုက်ဆုံး Dialogue (၂) ခုကတော့ – ………………………….. Sylvia Weis: What have we got? Will Salas: A day. You can do a lot in a day. မင်းသမီး >>> ငါတို့ ဘာရလိုက်လဲ ? မင်းသား >>> (၁) ရက်။ (၁)ရက်ဆိုတာ မင်းအများကြီးအသုံးချလို့ရပါတယ်။ ……………………… Philippe Weis: You’d steal from your own father. Sylvia Weis: Is it stealing if it’s already stolen? မင်းသမီးအဖေ >>> သမီးက အဖေဆီက ခိုးယူတော့မယ်ပေါ့… မင်းသမီး >>> ခိုးယူထားပြီးသားပစ္စည်းဖြစ်ရင်တော့ အခိုးခံရတယ်လို့ ခေါ်လို့ရပါမလား ? ……………………. တခြား စိတ်ဝင်စားစရာ ဇာတ်ဝင်ခန်းတွေ.. တွေးတောစရာ Dialogue တွေနဲ့ မို့ အဆင်ပြေမယ်ဆို ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ. 
Review
Drama/ Sport
IMDb : 6.5
Rotten Tomatoes : 100%
လက်ဝှေ့ပွဲတွေကို အခြေပြုပြီး ရိုက်ကူးကြတဲ့ ရုပ်ရှင်အများစုဟာ
ကိုယ်ကာယကြံ့ခိုင်မှုထက် စိတ်ဓါတ်ခွန်အား ခိုင်မာစေဖို့ကို အသားပေး
ဖော်ပြကြတာ များပါတယ်။ မနှစ်တုန်းကလည်း Southpaw အမည်နဲ့
ရုပ်ရှင်မှာ မင်းသား Jake Gyllenhall ရဲ့
လက်ဝှေ့သမားတစ်ယောက်အကြောင်း သရုပ်ဆောင်မှုကို
ဝေဖန်ရေးဆရာများက ချီးကျူးခဲ့ကြသလို Jawbone ဟာလည်း ဒီနှစ်ရဲ့
Southpaw ဖြစ်လာမလား။ RT မှာ 100% နဲ့ ထိပ်ဆုံးမှာ
မျက်နှာပန်းလှနေတဲ့ Jawbone ဟာ IMDb မှာလည်း 6.5 ရထားဆဲပါ။
ဒါကြောင့် ပရိတ်သတ်ကို အချိန်ကုန်ရကျိုးနပ်စေမယ့်
ရုပ်ရှင်တစ်ကားဖြစ်မယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။
လက်ဝှေ့ချန်ပီယံ ဂျင်မီဟာ နောက်ဆုံးတစ်ခေါက် ထိုးသတ်တဲ့ပွဲမှာ
အရှုံးနဲ့ ရင်ဆိုင်လိုက်ရအပြီး သူ ငယ်ငယ်က လက်ဝှေ့အထိုးကျင့်ဖူးတဲ့
ကလပ်ကို ပြန်ရောက်လာခဲ့တယ်။ စိတ်ဓါတ်ကျနေတဲ့ ဂျင်မီက
မှားယွင်းတဲ့ နည်းတွေနဲ့ ထွက်ပေါက်ရှာနေမိတော့ သူ့ဘဝက ပိုပြီး
မှောင်မိုက်လာခဲ့တယ်။ မိသားစုဆိုလို့ အားကစားခန်းမပိုင်ရှင် ဘေလ်၊
လက်ဝှေ့စင်ထောင့်မှာ ပဝါကူပေးရတဲ့ အက်ဒီနဲ့ ဂျိုးပဲ ရှိတယ်။ သူတို့က
ဂျင်မီ့ကို နည်းလမ်းမျိုးစုံနဲ့ အားပေးလိုက် ထိန်းကျောင်းလိုက်နဲ့
လေ့ကျင့်ခန်းတွေ ပြန်လုပ်ခိုင်းတယ်။ မိတ်ဆွေစစ်ရှိခြင်းဟာ
ကိစ္စအားလုံးကို ပြီးမြောက်စေတယ်ဆိုတဲ့ စကားအတိုင်းပဲ
ဂျင်မီတစ်ယောက် နှစ်အနည်းငယ်အတွင်းမှာ မျှော်လင့်ချက်အသစ်တွေ
တစ်ဖန်မွေးဖွားလာခဲ့ပြန်တယ်။ ချန်ပီယံဆိုတဲ့ နေရာကို ပြန်လည်ရယူဖို့
ကြိုးစားမယ့် လမ်းခရီးမှာ အခက်အခဲတွေကလည်း ပုံစံအသစ်တွေနဲ့
စောင့်ကြိုလို့။ တစ်ခါတုန်းက သရဖူကို ပြန်လည်ဆောင်နှင်းခွင့်
ရပါ့မလားဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာ
ဆက်လက်ကြည့်ရှုခံစားကြပါဦး ပရိသတ်ကြီးရေ။
Review
Animation ကားကောင်းလေးတွေကိုနစ်သက်သူတွေအတွက် 2017 ထွက်ကားသစ်လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်
Travis ဆိုတဲ့​​ကောင်​​လေးနဲ့သူ့ညီမ​လေး Whiney ကို သူတို့အ​မေက သူတို့အဖိုးနဲ့အဖွားကိုကူညီဖို့အတွက်​လယ်​​တောထဲကိုသွားခိုင်​ခဲ့ပါတယ်​ အဲ့ဒီအဖိုးနဲ့အဖွား​နေတဲ့မြို့မှာ bunyan လို့​ခေါ်တဲ့ လူ​ကောင်​ကြီးမားတဲ့သစ်​ခုတ်​သမားကြီးအ​ကြောင်းကထင်​ရှား​နေပါတယ်​ သူတို့ bunyan အ​ကြောင်းကိုစာအုပ်​​တွေ​တောင်​ဖတ်​ဘူးကြပါတယ်​ ထို့အပြင်​ bunyan ဆိုတာတကယ်​ရှိခဲ့တာလား ​ရှေးပုံပြင်​သတ်​သတ်​လား ပြီး​တော့ Travis နဲ့ bunyanကြားကဘယ်​လိုပတ်​သတ်​မှု​တွေဖြစ်​ခဲ့တာလဲဆိုတာပြီး​တော့သူတို့အဖိုး​နေထိုင်​တဲ့မြို့​လေးမှာက္ခ​တွေကြုံ​တွေ့ရတဲ့အခက်​အခဲ​တွေကို​ဖြေသူ​တွေကကူညီ​ဖြေရှင်း​ပေးခဲ့လဲဆိုတာကို ဒီဇာတ်​လမ်းေ လးရဲ့အဆုံးမှာဆက်​လက်​ကြည့်​ရှု​ပေးကြပါလို
Review
ဒီဇာတ်လမ်းမှာတော့နာမည်ကြီးမင်းသားကြီး Bruce Willis( Howell )
(Jumper, Outcast )တို့ မှမင်းသားချော Hayden Christensen (Will ) နှင့်အတူ
Gethin Anthony ( Levi ) တို့ မှအဓိကသရုပ်ဆောင်များအဖြစ်ပါဝင်သရုပ်ဆောင်ထားကြပါတယ်..
အမှန်အတိုင်းပြောရရင်တော့တော်တော်ပေါတဲ့ကားဗျဒီကားက..
ဘာမှကိုသိပ်အဓိပ္ပါယ်မရှိတာ..ဇာတ်လမ်းအစမှာDannyဆိုတဲ့
ကောင်လေးကကျောင်းမှာတစ်နှစ်အတွင်း၆ကြိမ်အနိုင်ကျင့်ခံရတယ်..
အဖေလုပ်သူ(Will )ကစတော့ရှယ်ယာကုမ္ပဏီကရှယ်ယာဝင်တစ်ယောက်
အမေ( Laura ) ကဆရာဝန်..ကလေးအတွက်အချိန်သိပ်မပေးနိုင်ကြဘူး..
နောက်ဆုံးကလေးအတွက်စိတ်ဓါတ်ခွန်အားဖြစ်အောင်တစ်ခုခုလုပ်မှဖြစ်တော့မယ်ဆိုပြီး
အဲ့ဘဏ်ဖောက်မှုကိုMarvin ကဖေါ်ထုတ်ဖို့ အတွက်ကြိုးစားနေတယ်..
အမှန်ကအဲ့ဘဏ်ကိုဖောက်တာကလည်းMarvin လက်အောက်ကရဲတွေနဲ့ မိန်းမလိုချင်ပြီး
ပိုက်ဆံမရှိတဲ့ကောင်(Levi)အတူတူပေါင်းလုပ်ကြတာ..Levi ဘဏ်ကိုဖေါက်ရတဲ့
သူ့ ကိုကုပေးဖို့ အတွက်ပိုက်ဆံလိုတယ်..ယောက္ခမလောင်းကြီးကိုကုပေးနိုင်မှမိန်းမရမယ်..
အဲ့အချိန်မှာရဲတွေကသားကြီးဘဏ်ဖောက်မလားဆိုပြီးလာမြှူစွယ်တာနဲ့ ဘဏ်ဖေါက်ဖြစ်သွားတယ်..
အဲ့လိုနဲ့ ဘဏ်ဖောက်ပြီးတဲ့အချိန်ကျတော့အချိန်းအချက်လုပ်ထားတဲ့လူသူကင်းမဲ့တဲ့နေရာတစ်ရာကို
ပိုက်ဆံထုတ်သွားထားဖို့ အတွက်Levi ရောက်သွားခဲ့တယ်..ကံဆိုးချင်တော့ချိန်းထားတဲ့နေရာမှာ
ကားကြီးတစ်စီးထဲကလူတစ်ယောက်ကသူ့ ကိုစိုက်ကြည့်နေတာနဲ့ သရဲထင်ပြီးပိုက်ဆံထုပ်မထား
ဖြစ်ပဲပြန်ထွက်ပြေးခဲ့တယ်..အဲ့မှာရဲတွေကသူတို့ ကိုသစ္စာဖေါက်ပါတယ်ဆိုပြီးLevi နဲ့ ရဲတစ်ယောက်နဲ့ 
တောထဲမှာနှစ်ယောက်ထဲစကားများနေကြတဲ့အချိန်မှာ Will နဲ့ သူ့ သားလေး Danny ကအမဲပစ်ဖို့ 
အဲ့တောထဲကိုရောက်နေကြတယ်..သူတို့ နှစ်ယောက်အခြေအတင်စကားများနေတာကိုမြင်သွား
တဲ့အတွက်နှုတ်ပိတ်ဖို့ အတွက်သေနတ်နဲ့ ချိန်စဉ်အချိန်မှာပဲ Will ကအဲ့ရဲကိုသေနတ်နဲ့ ပစ်သတ်လိုက်တယ်..
Levi ကိုလည်းရဲကမသေခင်အချိန်မှာသေနတ်နဲ့ ပစ်လိုက်တယ်..ဒါပေမယ့်မသေသွားဘူး..စေတနာကောင်းစွာနဲ့ ပဲ
Will က Levi ကိုအိမ်ခေါ်သွားပြီဒဏ်ရာကိုကုပေးလိုက်သေးတယ်..Levi လည်းဒဏ်ရာကနေသတိပြန်ရလာရော
Will ကိုပိုက်ဆံထုတ်ပြန်သွားယူခိုင်းဖို့ အတွက် Danny ကိုပြန်ပေးဆွဲသွားတော့တယ်.. ပြန်ပေးဆွဲတဲ့သူကလေးချစ်
တတ်ပုံများကတော့ပြန်ပေးဆွဲပြီးခေါ်လာတဲ့ကလေးနဲ့ အတူတူအိမ်ရောက်တော့ဂိမ်းတောင်တူတူဆော့လိုက်ကြသေးတယ်..အဲ့နောက်မှာWill က သားလေးကိုပြန်ရဖို့ အတွက် Levi ခိုင်းတဲ့အတိုင်းပိုက်ဆံထုတ်ကိုသွားယူပြီး
ပြန်ပေးဖို့ လုပ်တဲ့အခါမှာဘာတွေဆက်ဖြစ်ကြလည်းဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါအုန်း….
Hlasa : Za Bawi
lyric   : Za Bawi
Senri Production
Lung chung Bia(Siang Ling)
Lai Lovesong
Pirates of the Caribbean: Dead Men Tell No Tales 2017 ( မြန်မာစာတန်းထိုး)
Review
ဝဲ​တန်​နာနှင့်​အယ်​လီဇဘက်​တို့ရဲ့သားဖြစ်​သူဟင်​နရီ​လေးကာသူရဲ့ဖခင်​ဝဲတန်​နာတစ်​​ယောက်​ကျိမ်​စာမိထားတာကိုပျက်​​စေချင်​​သော​ကြောင့်​သူ့ဘဝတစ်​​လျောက်​လုံးသူ့ရဲ့ဖခင်​ဝဲတန်​နာကျိမ်​စာမှလွတ်​​မြောက်​နိုင်​တဲ့နတ်​ဘုရားမှိန်းတံကိုသိရှိသွား​သောအခါမှာသူ့ကိုကူညီနိုင်​မည့်​လူတစ်​ဦးဖြစ်​သည့်​ကပ္ပတိန်​ဂျက်​စပဲရိုးဆို​သောလူကိုရှာ​​ဖွေခဲ့သည်​။ထိုအချိန်​တွင်းမှာပဲသိပ္ပပညာရှင်​လားစုန်းအတက်​ပညာရှင်​လားမ​သေချာသည့်​အမျိုးသမီးတစ်​ဦးဖြစ်​သူကရီနစမစ်​ဆို​တော့သူကိုပါ​ဆုံ​တွေ့ခဲ့​ပြီးနတ်​ဘုရားမှိန်းတံကိုအတူတူလက်​တွဲရှာ​ဖွေကြ​တော့သည်​။ရှာ​ဖွေရင်းလမ်းတစ်​​လျှောက်​မှာကပ္ပတိန်​ဂျက်​စပဲရိုး၏ရန်​ငြိုးရန်​စရှိ​နေသည့်​ကပ္ပတိန်​ဆာလဇာဆိုသူ၏​နှောက်​ယှက်​ခြင်းကိုခံရ​လေသည်​။ထို​ကြောင့်​ဟင်​နရီကာနတ်​ဘုရားမှိန်းတံကိုရှာ​တွေ့ပြီးကျိန်​စာကိုဖြည်​​ပေးနိုင်​မလား။မနိုင်​ဘူးလား…ကပ္ပတိန်​ဂျက်​စပဲရိုးနဲ့ကပ္ပတိန်​ဆာလဇာတို့ရဲ့ရန်​ငြိုး​တွေက​ကောဘာဆက်​ဖြစ်​ကြမလဲဆိုဆက်​လက်​ရှူစားကြကုန်​ ….
Granny of the Dead (2017) မြန်မာစာတန်းထိုး
ငယ်ငယ်တုန်းက MOM ဆိုတဲ့ ဇာတ်ကားမှာ အဘွားအိုတစ်ယောက်ကို သမန်းဝံပုလွေတစ်ကောင်ကိုက်သွားလို့ အဘွားကြီးက သတ္တ၀ါကြီးအသွင်ပြောင်းသွားတဲ့အကြောင်း ကြည့်ဖူးတယ်။ တကယ်လို့ အဘွားသာ ဇွန်ဘီတစ်ကောင်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ တစ်မနက်မှာ အက်ဒ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အဘွားက ဇွန်ဘီဖြစ်နေတာကို မထင်မှတ်ဘဲ သိလိုက်ရတယ်။ အဲဒီတော့ အိမ်ထဲမှာ ပိတ်မိနေတဲ့ အက်ဒ်တစ်ယောက် သူ့နည်း သူ့ဟန်နဲ့ အဘွားလက်က လွတ်အောင် ကြံစည်ရပါတော့တယ်။ ဒါပေမယ့် အပြင်မှာရော ဇွန်ဘီတွေ ရှိနေနေရင် အိမ်ထဲမှာထက် ပိုအခြေအနေ ဆိုးသွားမလား။ ဒါဆို သူ့လို အသက်ရှင်နေသူတွေကရော ဘယ်တွေ ရောက်နေကြသလဲ။ ဇာတ်ကားကို စကြည့်လိုက်တာနဲ့ မေးခွန်းတွေနဲ့အတူ ပရိသတ်က အက်ဒ်နေရာကို ရောက်သွားကာ အဖြေရှာရပါလိမ့်မယ်။ ဇွန်ဘီကားတွေရဲ့ ထုံးစံအတိုင်း အသည်းယားစရာ ကောင်းအောင် ရိုက်ပြထားပေမယ့် ဟာသတွေကိုလည်း မပျင်းရအောင် ရောယှက်ထားပေးပါသေးတယ်။ အားလပ်ရက်မှာ အိမ်ထဲမှာ ပျင်းနေမယ်ဆိုရင်တော့ ဒီဇာတ်ကားလေးက မပျင်းအောင် ဖျော်ဖြေပေးပါလိမ့်မယ်။ ဇာတ်ကားပြီးသွားရင်တော့ အိမ်က အဘွားကို သေချာစစ်ဆေးကြည့်မိလို့ အရိုက်ခံရဦးမယ်နော်။
Rigor Mortis (2013) မြန်မာစာတမ်းထိုး
Review
horror ကားလေးတွေကိုနစ်သက်သူတွေအတွက်တရုတ် horror ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်
နာမည်​ကြီးရုပ်​ရှင်​မင်းသားတစ်​​ယောက်​က မ​ကြော်​ကြား​တော့တဲ့​နောက်​မှာ စိတ်​ဓာတ်​ကျစရာ​တွေနဲ့ဆုံ​နေခဲ့ရပါတယ်​ အဲ့လိုနဲ့သူဟာတိုက်​ခန်းတစ်​ခုကိုငှါး​နေခဲ့ပါတယ်​ သူ့သား​လေးနဲ့ဇနီးသည်​​သေဆုံးသွားပြီဖြစ်​တဲ့အတွက်​သူဟာဝမ်းနည်း​နေခဲ့ပါတယ်​ အဲ့​ဒါ​ကြောင့်​သူကသက်​​သေဖို့လုပ်​ခဲ့ပါတယ်​ သူ့ဘဝဘာ​တွေဆက်​ဖြစ်​မှာလဲ ပြီး​တော့သူ​တို့​နေတဲ့တိုက်​ခန်းမှာလဲဝိဥာည်​​တွေရှိတဲ့အတွက်​ သူနဲ့ဝိဥာည်​​တွေကဘယ်​လိုဆက်​စက်​​နေတာလဲ ပြီး​တော့ သူ​နေတဲ့တိုက်​ခန်းမှာဘယ်​လို​ကြောက်​လန့်​စရာကိစ္စ​တွေဖြစ်​လာသလဲဆိုတာကို ဒီဇာတ်​လမ်း​လေးရဲ့အဆုံးမှာဆက်​လက်​ကြည့်​ရှု​ပေးကြပါလို့
Midnight University (2017) သန်းခေါင်ယံတက္ကသိုလ်
Review
Midnight university ဆိုတာ Thaiနိုင်ငံမှာ တကယ်ရှိပြီး အချိန်ပိုလေ့လာသင်ယူချင်တဲ့ ကျောင်းသူကျောင်းသားတွေတက်ရောက် နိုင်တဲ့ သန်းခေါင်ယံတက္ကသိုလ်တခုပါ။ ကျွန်တော်တို့ငယ်ငယ်က Universityတွေနဲ့ပတ်သက်ပြီး သရဲဇာတ်လမ်းတခုခုတော့ ကြားဘူးခဲ့ကြမှာပါ။ အဲလို့ကျောင်းတွေထဲကမှ ဒီတခါကြည့်ရူ့ရမယ် ကျောင်းကတော့ သန်းခေါင်ယံမှာ အတန်းစတက်ရမယ် Midnight Universityပါပဲ။
Star ဆိုတဲ့ဆယ်ကျော်သက်အရွယ် ကောင်းမလေးတယောက်ဟာ သူတို့တကျောင်းလုံးရဲ့ popular girlပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ သူမနာမည်က ကောင်လေးတိုင်းရဲ့ပါးစပ်အဖျားမှာ ရှိပြီး  တကျောင်းလုံးမှာ အလှဆုံးကောင်မလေးဖြစ်လို့ပါ။
တရက် ကျောင်းမှာအောင်စာရင်းထွက်တဲ့နေ့ သူမ englishစာနဲ့ စာမေးပွဲကျပါတယ်။သူမအတွက် ဒီတစ်နစ်သာအောင်လိုက်ရင် ဘွဲ့ရပါပြီ။ဒါကြောင့်လည်း စာမေးပွဲအရမ်းအောင်ချင်တဲ့ star တယောက် ဆရာဖြစ်သူဆီ အကြံတောင်းရာ midnight universityမှာ အချိန်ပိုသင့်ဖို့ အကြောင်းစတင်ဖြစ်လာပါတော့တယ်။
အဲကျောင်းမှာ စာမေးပွဲနားနီးမှာ မီးလောင်ပြီးသေဆုံးသွားတဲ့ ကျောင်းသူ/သား ဝိညည်တွေ ညတိုင်းစာသင်နေ့ကြတယ်ဆိုတဲ့ သတင်းကိုလည်းသူမကြားဘူးပြီးသား။ဒါပေမယ် starဟာ ကိုယ်ကိုယုံကြည်မူအပြည့်ရှိတယ် ပြီးတော့ သူမစာမေးပွဲအရမ်းအောင်ချင်တယ်။ဒါကြောင့်လည်း တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲကျောင်းရဲ့ထူးခြားချက်က 12နာရီ သန်းခေါင်ချိန်ထိ ဘယ်သူမှမနေရဲ့ပါဘူး။အဲချိန်ရောက်လာပြီဆို ကျောင်းကြီးတခုလုံးမှာ မကောင်းဆိုးဝါးတွေ နိုးထလာပါပြီ။ အဲတော့ တခြားသူတွေနဲ့ စရိုက်ခြင်းမတူတဲ့ star တယောက် ခြောက်ခြားစရာ ညကြီးတညမှာ ဝိညည်တွေပြည့်နက်နေတဲ့ ကျောင်းကြီးနဲ့ အရင်ကမီးလောင်ပြီးလူအများကြီးသေဆုံးသွားတဲ့ စာသင်ခန်းထဲမှာ စာဘယ်လို့ဆက်သင့်မလဲဆိုတာတော့ မိတ်ဆွေတို့ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရူခံစားပါဦး။
ဒီကားကို 9လပိုင်း2016မှာ ထိုင်းမှာရုံတင်ခဲ့ပါတယ်။rateအနေ နဲလည်6း.7ထိရထားတာမို့ သရဲကားတခုအနေ နဲ့အတော်လည်း ကြည့်လိုကောင်းမယ့်ကားတခုလို့ဆိုနိုင်နေပါပြီ။
(ဒီကားကို ကိုဟိန်းမင်းထက်မှ အညွှန်းရေးထားပြီး မစိမ့်သက်ထားအောင်မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။
The Ghost (2004)
ကိုရီးယားနိုင်​ငံမြို့တစ်​မြို့ရဲ့ မိသားစုတစ်​စုမှာ
ကင်​အွန်​ဆိုးနဲ့ကင်​အွန်​​ဂျောင်​ဆိုတဲ့ ညီမအစ်​မနှစ်​​ယောက်​ရှိတယ်​ တ​နေ့​တော့ဆူ​ပူ​နေတတ်​တဲ့​အမကိုစိတ်​ခုပီးညီမဖြစ်​တဲ့ကင်​အွန်​​ဂျောင်​က အ​ပျော်​သ​ဘောနဲ့သူ့အမကိုမိသားစုက​နေ ပထုတ်​မယ်​ဆိုပီးတ​စ္ဆေတစ်​​ကောင်​ ​ခေါ်ခဲ့မိတယ်​ အ​ပျော်​သ​ဘောဆို​ပေမယ့်​ တစ္ဆတစ်​​ကောင်​က​ရောက်​လာခဲ့ပီးသူ့အမကိုသတ်​ပစ်​ခဲ့တယ်
ဘာ​ကြောင့်သေလဲဆိုတာ​တော့သူတို့သတိမထားမိခဲ့ဖူး
ဇာတ်​လမ်းကဒီ​လို​လေးနဲ့စခဲ့တယ်
မင်​ဂျီဝမ်​ ဆိုတဲ့ ​မိန်းက​လေးကချမ်းသာ​ပေမယ့်​ အ​ဖေ မရှိ​တော့တဲ့ဘဝနဲ့ သူ့​အ​မေနဲ့ ​နေရတယ်​သနားဖို့​ကောင်းတာက သူကမှတ်​ဉာဏ်​လဲ ​ပျောက်​​နေပီး​တော့ အထက်​တန်း​ကျောင်းသူ ဘဝက သူငယ်​ချင်း​တွေအပါအဝင်​ ဘာကိုမှ မမှတ်​မိပဲ သူ့ရဲ့​နေပုံထိုင်​ပုံကအစ ​ပြောင်းလဲသွားတယ်​ တ​နေ့တော့ သူ့သူငယ်​ချင်းအိုယူဂျင်​​ရောက်​လာပီး သူတို့သူငယ်​ချင်းကင်​အွန်​ဆိုးဆုံးသွား​ကြောင်း​ လာ​ပြောပြတယ်
ဒီလိုနဲ့ ပဲ သူငယ်​ချင်း​တွေ တစ်​​ယောက်​ပီး တစ်​​ယောက်​ ​ထူးထူးဆန်းဆန်းဆုံးသွားကြတယ်​ ​နောက်​ ဆုံး မင်​ဂျီဝမ်​တစ်​​ယောက်​ပဲ ကျန်​ရင်​​ကော တ​စ္ဆေသရဲက သတ်​နိုင်​ဦးမာလား
သူတို့အထက်​တန်း​ကျောင်းသူဘဝမာ​ကော ဘယ်လိုအဖြစ်​အပျက်​​တွေ ရင်​ဆိုင်​ခဲ့ရတာလဲ ဘယ်လို ဇာတ်​​ကောင်​​တွေပါဝင်​လာဦးမယ်​ ဆိုတာ​ကတော့ စိတ်​ဝင်​စားဖွယ်​မြင်​​တွေ့ရမှာပါ
Copyright © 2017 Senri Muilang
Distributed By Duhdawtnak Mitthli